
SBS Burmese - SBS မြန်မာပိုင်း အစီအစဉ်
ဤပေါ့ဒ်ကတ်စ်သည် သင့်အား ဩစတြေးလျနိုင်ငံရှိ ဘဝနှင့် မြန်မာစကားပြော ဩစတြေးလျလူမျိုးများနှင့် ချိတ်ဆက်ပေးသည့် လွတ်လပ်သော သတင်းများနှင့် ဇာတ်လမ်းများကို တင်ဆက်ပေးပါသည်။
Episodes

ဘာကြောင့် အာဏာကို ခွဲထားရသလဲ၊ သင့်ကို ဘယ်လို ကာကွယ်ပေးနိုင်သလဲ၊ How Australia Works
ဆိုင်ကယ် ဦးထုတ်ကို မှန်ကန်စွာ မဆောင်းလို့ ဒဏ်ကြေးရသွားပြီးနောက်မှာ ယူဂို (Hugo) က ဒီကိစ္စကို တရားရုံးမှာ ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ဖြစ်ရပ်က လွှတ်တော်၊ အစိုးရနဲ့ တရားရုံးတွေမှာ ဘယ်လို တာဝန်ဝတ္တရားတွေ ကွာခြားကြသလဲ ဆိုတာနဲ့ တရားဝင် ဆုံးဖြတ်ချက်အချို့ကို ဘယ်လို ပြန်လည်စစ်ဆေးဖို့ မေးခွန်းထုတ်နိုင်တယ်ဆိုတာတွေကို ရှင်းပြပေးထားပါတယ်။"How Australia Works" ဆိုတာကတော့ သြစတြေးလျနိုင်ငံရဲ့ အစိုးရ

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။
သောတရှင်များကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

AI တော်လှန်မှု၏ လျှို့ဝှက်ထားသော ရာသီဥတုဆိုင်ရာ ကုန်ကျစရိတ်။
စွမ်းအင်နှင့် ရေအရင်းအမြစ်များဖြင့် မောင်းနှင်အားဖြည့်ထားသည့် ကမ္ဘာလုံးဆိုင်ရာ AI နည်းပညာ အရှိန်အဟုန်မြင့် တိုးတက်ဖြစ်ပေါ်လာမှုက ဖန်တီးပေးလိုက်သော ပြဿနာများနှင့် အခွင့်အလမ်းများကို ကမ္ဘာကြီးက ရင်ဆိုင်ဖြေရှင်းနေရပါသည်။

စစ်အာဏာရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်မှာ အရပ်သား ၅၀ သေဆုံး။
ရခိုင်ပြည်နယ်၊ ကျော်တော်မြို့ရှိ အိန္ဒိယဈေး အနီးပတ်ဝန်းကျင်ကို စစ်အာဏာရှင်က စက်တင်ဘာ ၂၈ ရက်နေ့လယ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကာ၊ ၅၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဩစတြေးလျနိုင်ငံ၏ လည်ပတ်ပုံ ကိုတင်ပြပေးမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။

SBS မြန်မာပိုင်း News Flash - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
သောတရှင်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

ဩစတြေးလျရှိ ကျူရှင်ပေးခြင်း အချက်အလက်များ။
ရွှေ့ပြောင်းအခြေချ မိသားစုများသည် ကျူရှင်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲလေ့ ရှိကြသည်။

သြစတြေးလျရှိ ဌာနေတိုင်းရင်းသားများ၏ ကာကွယ်ထိန်းသိမ်းထားသော နယ်မြေများဆိုသည်မှာ အဘယ်နည်း။
ဩစတြေးလျရဲ့ သဘာဝအပင်တွေနဲ့ တိရစ္ဆာန်တွေရဲ့ အလှအပကို ခံစားဖို့ ခရီးစဉ်တစ်ခု သင် စီစဉ်နေတာ ဖြစ်နိုင်ပါတယ်။

ထားဝယ်မှာ ရေကြီးတောင်ပြိုမှုတွေကြောင့် ဒေသခံ ၁၃ဦးသေဆုံး။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ တောင်ပြိုကျမှုများ ဖြစ်ပွားခဲ့ပါတယ်။

You are already inside the system | How Australia Works - သင်ဟာစနစ်အတွင်းမှာ ရှိနေပါပြီ၊ ဩစတြေးလျ ဘယ်လို လည်ပတ်သလဲ။
How do Australia’s governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - ဩစတြေးလျရဲ့ အစိုးရ၊ ဥပဒေတွေနဲ့ ဝန်ဆောင်မှုတင်မှုတွေက သင့်ရဲ့ နေ့စဥ်ဘဝကို ဘယ်လို သက်ရောက်နိုင်သလဲ။ ဥပဒကို ဘယ်လို ပြဋ္ဌာန်းသလဲ၊ ပြီးတော့ အဲဒီဥပဒေတွေကို ဘယ်လို ပြင်ဆင်

SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်၊ တနင်္လာနေ့။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

အတင်းအကျပ် လက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာ အဘယ်နည်း၊ မည်သို့ အကူအညီရယူနိုင်မည်နည်း။
လူတစ်ဦးချင်းစီ သို့မဟုတ် နှစ်ဦးစလုံးက မိမိတို့သဘောဆန္ဒအလျောက် သဘောတူညီမှုမရှိဘဲ ဖြစ်ပေါ်လာသော အိမ်ထောင်ပြုခြင်းမျိုးကို အတင်းအကျပ်ပြုလုပ်သော အိမ်ထောင်ရေး (forced marriage) ဟု ခေါ်ဆိုပါသည်။

အင်အားထောင်ချီသုံးပြီး ရခိုင်ကို စစ်တပ်ထိုးစစ်ဆင်နေ
၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့ကစပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင် ပြည်နယ်တွင်းကို စစ်အာဏာရှင်က ပြန်လည်သိမ်းပိုက်ဖို့ အင်အားထောင်ချီအသုံးပြုကာ ထိုးစစ် ဆင်နေပါတယ်။

SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၃ ရက် News Flash သတင်းများ။
သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။

သြစတြေးလျ၏ ကျေးလက်နှင့် ဝေးလံခေါင်ဖျားသော ဒေသများတွင် ဘေးကင်း လုံခြုံစွာ ခရီးသွားလာခြင်း။
ဩစတြေးလျရဲ့ ကျေးလက်နဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေကို ကားနဲ့ ခရီးထွက်တာဟာ ပုံမှန်အနေအထားမှာ သင် မရောက်ဖူးနိုင်တဲ့ နေရာတွေကို ရောက်ရှိသွားစေနိုင်ပါတယ်။

ခင်ရီ USDP ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရ။
စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်ရှိ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီညီလာခံအပြီး၊ ဦးခင်ရီကို ပါတီဥက္ကဌအဖြစ် ထပ်မံရွေးချယ်လိုက်ကြသလို ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၂၁ ရက် News Flash သတင်းများ။
သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများ။

အထည်ချုပ်စက်ရုံများ မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း။
မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ ဆယ်စုနှစ်များစွာကြာအောင် အမျိုးသမီးအလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု အဓိကအရင်းအမြစ် ဖြစ်ခဲ့ပါတယ်။

သြစတြေးလျ ယာဉ်မောင်းတိုင်း သိထားသင့်သည့်၊ လူသိနည်းသော ယာဉ်စည်းကမ်းများ။
Tasmania ပြည်နယ်မှာ ကားမောင်းနေစဉ် ဖုန်းထဲက GPS လမ်းညွှန်အက်ပ်တွေကို အသုံးပြုရင် ဒါမှမဟုတ် ကားပြတင်းပေါက်အပြင်ဘက်ကို လက်တင်ထားရင် ဒဏ်ငွေရိုက်ခံရနိုင်တယ်ဆိုတာကို သင်သိပါသလား။

သြစတြေးလျတွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးများ။
၁၉၀၁ ခုနှစ်တွင် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက ဩစတြေးလျ၌ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်မူဝါဒ (secularism) ကို ပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။

ဘယ်သူက ဩစတြေးလျကို အုပ်ချုပ်သလဲ၊ သင့်ကဏ္ဏက ဘယ်လိုရှိလဲ၊ How Australia Works
စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပါမစ်၊ အိမ်ငှားတာနဲ့ပတ်သက်တဲ့ ပြဿနာ၊ သို့မဟုတ် မိသားစု အကူအညီတွေအတွက် ဘယ်သူ့ထံက ကူညီတောင်းရမလဲဆိုတာ သင်သိပါသလား။ ဖိဒဲလ် (Fedele)၊ ကဲရောလ် (Carol) နဲ့ အဘီးရ် (Abeer) တို့ရဲ့ ဇာတ်လမ်းတွေကနေတစ်ဆင့် ဩစတြေးလျရဲ့ အစိုးရအဆင့်သုံးဆင့် ဘယ်လိုလည်ပတ်သလဲဆိုတာကို လေ့လာလိုက်ပါ။ ဒေသန္တရ၊ ပြည်နယ် (သို့မဟုတ်) အထူးဒေသအစိုးရ နဲ့ ဖက်ဒရယ် (ဗဟို) အစိုးရတို့မှာ ဘယ်လိုတာဝန်ယူမှုတွေ ရှိကြသ

မြန်မာနိုင်ငံတွင် မတော်တဆမှုများနှင့် ကလေးငယ်များ သေဆုံးမှုနှုန်း မြင့်တက်လာနေပါသည်။
မြန်မာနိုင်ငံတွင် ပြင်းထန်သော သဘာဝဘေးအန္တရာယ်များကြောင့် ကလေးငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်မှာ အလွန်အမင်း မြင့်တက်လာခဲ့သည်။

သတင်းထောက်များပေါ် တိုက်ခိုက်မှုများမြင့်တက်လာနေ။
ပဋိပက္ခများ မြင့်တက်လာခြင်း၊ ပြင်းထန်သော နိုင်ငံရေးအရ ရန်လိုမုန်းတီးမှုများနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်စော်ကားမှုများ တိုးပွားလာခြင်းတို့ကြောင့် သတင်းထောက်များအပေါ် ဦးတည်သည့် တိုက်ခိုက်မှုများနှင့် အွန်လိုင်းမှ စော်ကားနှောင့်ယှက်မှုများသည် ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း၌ပါ မြင့်တက်လျက်ရှိသည်။

မြန်မာပြည်တွင်းက စာရေးသူနဲ့ ရဟန်းသံဃာတော်တွေရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိလဲ။
ဒီကာလဟာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကာလဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာအာဏာပိုင်တွေရဲ့ ပေါ်လစီကြောင့် လောင်စာဆီစျေးနှုန်း အဆပေါင်းများစွာ မြင့်တက်မှုကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး သံယာတော်တွေကလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ALC: SBS မြန်မာ ၂၀၂၆ စက်တင်ဘာ ၁၄ ရက် News Flash သတင်းများ။
သောတရှင်များကို ၂၀၂၆ စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက်ပေမှာဖြစ်ပါတယ်။

One Nation ရဲ့ Superannuation ဆိုင်ရာ ဥပဒေသစ်က သင့်အတွက် ဘာကို ဆိုလိုတာလဲ
ဩစတြေးလျနိုင်ငံမှာ အိမ်အကြွေးဆပ်နေရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အိမ်ငှားတွေအတွက် သူတို့ရဲ့ အိုစာမင်းစာအတွက် အလုပ်ကနေတဆင့် စုဆောင်းထားတဲ့ (Super) ရန်ပုံငွေထဲက ငွေအချို့ကို ထုတ်ယူပြီး အရေးပေါ် ဘေလ်တွေ ရှင်းနိုင်ဖို့ မူဝါဒအသစ်တစ်ခုကို One Nation ပါတီက အဆိုပြုလိုက်ပါတယ်။

၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု ၂၅ နှစ်ကြာပြီးနောက် ကမ္ဘာ့လုံခြုံရေးအခြေအနေ ဘယ်လိုရှိလဲ
၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ယခုဆိုရင် ၂၅ နှစ်တိုင်ခဲ့ပါပြီ။ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ အမေရိကန် ဦးဆောင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ပွဲတွေ ဖြစ်ပေါ်လာခဲ့သလို သြစတြေးလျနိုင်ငံကလည်း အမေရိကန်နဲ့အတူ ရပ်တည်တဲ့အနေနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲတွေထဲပါ ပါဝင်ခဲ့ပါတယ်။

ရန်ကုန်မှာမတော်တဆမှုကြောင့် ကလေးငယ်တွေအသက်ဆုံးရှုံးရတာတွေ ပိုများလာ
မြန်မာနိုင်ငံမှာ မတော်တဆမှုတွေနဲ့ ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုတွေ များလာနေပါတယ်။

ရန်ကုန်နဲ့မန္တလေးမှာ အဓ္ဓမ စစ်မှုထမ်းစုဆောင်းခံရလို့ လူငယ်တွေ ထိတ်လန့်နေ
ရန်ကုန်မြို့နယ်မှာ စက်တင်ဘာ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြို့နယ် ၁၀ ခုက လူငယ် ၃၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Yangon scout Network RSN ချန်နယ်ရဲ့ အချက်အလက်တွေ အရသိရပါတယ်။ RSN ဟာ ရန်ကုန်မြို့ပေါ်မှာစစ်တပ်ရဲ့ ပိတ်ဆို့စစ်ဆေးမှုတွေး၊ ဧည့်စာရင်းဝင်စစ်တဲ့နေရာတွေနဲ့ ပေါ်တာဆွဲတဲ့ဖြစ်စဉ်တွေးကို အချိန်နှင့်တပြေးညီ ကြိုတင်သတိပေးထုတ်ပြန်ပေးနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပါတယ်။

သင်နေထိုင်တဲ့ နေရာနဲ့ Motor Neurone ရောဂါ MND ဖြစ်နိုင်ခြေက ဩစီနိုင်ငံသားတွေ အံ့အားသင့်နိုင်
"မော်တာ ညူရွန် ရောဂါ" (Motor Neurone Disease - MND) နဲ့ ပတ်သက်တဲ့ သုတေသနတွေအရ ဩစတြေးလျမှာ ဒီရောဂါ ပိုအဖြစ်များတဲ့ နေရာတချို့ကို ဖော်ထုတ်နိုင်ခဲ့လို့၊ ပြည်နယ်တစ်ခုက ကမ္ဘာမှာ ပထမဆုံးအကြိမ် အရေးယူဆောင်ရွက်မှုတစ်ခုကို စတင်လုပ်ဆောင်လိုက်တဲ့အကြောင်း တင်ပြထားတဲ့Camille Bianchi ရဲ့ ဆောင်းပါးကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Together for Tomorrow ရံပုံငွေပွဲနဲ့ ဆက်စပ်ပြီး မင်းမော်ကွန်းကို မေးမြန်းထား
ပြီးခဲ့တဲ့ စနေည စက်တင်ဘာလ ရက်တုန်းက မဲလ်ဘုန်းမြို့မှာ မြန်မာနိုင်ငံ စစ်ဘေးရှောင်နဲ့ ရေဘေးသင့်ပြည်သူတွေအတွက် Together for Tomorrow ရံပုံငွေရှာဖွေပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲကို Support for Myanmar from Australia and Singapore နဲ့ မနက်ခင်းတို့ ဦးစီးကျင်းပတာဖြစ်ပြီး ဖျော်ဖြေရေး ရံပုံငွေပွဲအနေနဲ့ အဆိုတော် ယုဇနနဲ့ တေးရေးတေးဆို မောင်မောင်ဇော်လတ်အပြင် အထူးဧည့်သည်အနေနဲ့ မင်းမော်ကွန်းနဲ့ အဆိုတော် နေ

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဘာဖြစ်ဆက်ထားသင့်လဲ၊ မထားရင် ဘာဖြစ်နိုင်သလဲ။
ကုလသမဂ္ဂရဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခင် မစတင်ခင်မှာပဲ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လက်ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ထားရှိဖို့ ပြည်ပရောက်မြန်မာတွေ တောင်းဆိုမှုတွေ စတင်နေကြပါတယ်။

Prostate cancer in Australia: Testing, treatment and support - ဆီးကျိတ်ကင်ဆာ - စစ်ဆေးခြင်း၊ ကုသခြင်းနှင့် ကူညီပံ့ပိုးမှုများ
About one in five Australian men will be diagnosed with prostate cancer in their lifetime. Understanding the prostate, your risk and the options for testing can help with early detection and treatment. In this episode of Australia Explained, learn about prostate cancer, PSA testing, treatment and support. - ဩစတြေးလျ အမျိုးသား ငါးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ သက်တမ်းအတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားကြေ

နွေဦးရာသီ တောမီးအန္တရာယ် ကြီးမားနိုင်ကြောင်း အာဏာပိုင်များ သတိပေး
ဩစတြေးလျနိုင်ငံတစ်ဝန်း နေရာတော်တော်များများမှာ တောမီးလောင်ကျွမ်းနိုင်ခြေ မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်သူတွေအနေနဲ့ နွေဦးရာသီအတွက် ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

စက်တင်ဘာ ၃ ရက် သတင်းအတိုအထွာများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ အတွက် သတင်းအတိုအထွာတွေ ဖြစ်ပါတယ်။

အဆိပ်သင့်နေတဲ့ သံလွင်မြစ်ရေကြောင့် အမျိုးသမီးတွေ ပိုမိုထိခိုက်နေ
သံလွင်မြစ်ကမ်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ မနက်ခင်းဟာ သံလွင်မြစ်ရေနဲ့ အစပြုပါတယ်။ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကအစ နေ့စဉ် လူမှုဘဝရဲ့ ရေ လိုအပ်ချက်တွေအတွက် မြစ်ရေ ကိုသာအဓိက ထားပြီးသုံးစွဲနေကြတာ ဖြစ်ပါတယ်။

How can my child learn about Indigenous Australia? - ကလေးကျောင်းပြင်ပမှာ ဩစီရဲ့ ဌာနေတိုင်းရင်းသားနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဘယ်လို လေ့လာသင်ယူမလဲ။
Supporting your child’s connection with the world’s oldest continuing living culture is one of the greatest gifts you can offer them while raising them in Australia. But if you’re new to the country, you may be unsure where to begin. Here are some starting points and ideas to help you and your child learn about Aboriginal and Torres Strait Islander peoples, cultures and history. - ဩစတြေးလျမှာ နေထိ

နီပေါနိုင်ငံမှာ အခက်အခဲတွေကြားထဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်နေကြ
နီပေါနဲ့ တိဘက်နယ်စပ်မှာ ရွှံ့မြေပြိုမှုဖြစ်ပြီးနောက် လူ ၉၅၀ ကျော် သေဆုံးခဲ့ပြီး ၄,၄၀၀ နီးပါး ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ရာသီဥတု ဆိုးရွားမှုတွေ၊ မြစ်ရေတက်လာတာနဲ့ နောက်ထပ် ရေကြီးမှာ စိုးရိမ်ရတဲ့ အနေအထားမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဖို့ အခက်အခဲရှိနေပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီရောက်ဖို့ အချိန်နဲ့အမျှ အပြိုင် ကြိုးစားနေကြပါတယ်။

ကွာဟချက်ကို ပိတ်ခြင်း- ပညာရေးနှင့် ပြောင်းလဲမှုအပေါ် ဌာနေတိုင်းရင်းသားများ၏ အမြင်။
မကြာသေးမီနှစ်များအတွင်း ဩစတြေးလျနိုင်ငံ၌ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ရလဒ်များကို စောင့်ကြည့်လေ့လာခြင်းသည် ဌာနေတိုင်းရင်းသားရေးရာ မူဝါဒ၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။

Wave Hill Walk-Off - ခေတ်သစ် Aboriginal မြေယာပိုင်ဆိုင်ခွင့် လှုပ်ရှားမှု၏ အစပျိုးခြင်း။
လွန်ခဲ့သော နှစ်ပေါင်း ၆၀ က Northern Territory ရှိ Wave Hill ကျွဲနွားမွေးမြူရေးခြံမှ အလုပ်သမားများသည် ခွဲခြားဆက်ဆံခံရမှုနှင့် အလုပ်လုပ်ကိုင်ရသည့် အခြေအနေဆိုးရွားမှုတို့ကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြသောအားဖြင့် အလုပ်ခွင်မှ ထွက်ခွာခဲ့ကြသည်။

လူမျိုးတုန်း သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ ၉နှစ် ကြာလာပေမဲ့ တရားမျှတမှု မရသေး။
လွန်ခဲ့သော ကိုးနှစ်၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့သည် မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အမှက္ခရာ တင်ကျန်ရစ်ခဲ့သည့် အမှောင်မိုက်ဆုံး နေ့ရက်တစ်နေ့ ဖြစ်ခဲ့သည်။

SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ တနင်္လာနေ့။
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

သံလွင်မြစ်ရေထဲမှာ အာဆင်းနိတ်ပါဝင်မှု မြင့်တက်နေ
သံလွင်မြစ်ရေထဲ Arsenic ပါဝင်မှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်နေတဲ့ နယ်စပ်ဖြတ်ကျော် မြစ်များဆိုင်ရာ အလွတ်တန်းသုတေသီ ကို Nick နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ဩစတြေးလျရဲ့ ကလေးမွေးဖွားခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ စောင့်ရှောက်မှု
သင်ဟာ ဩစတြေးလျမှာ ပထမဆုံးအကြိမ် မိဘဖြစ်လာတော့မယ်ဆိုရင် ကလေးကို ဘယ်မှာမွေးမလဲနဲ့ ဘယ်လိုမွေးဖွားရမလဲဆိုတာကို ရွေးချယ်ရတာ အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ တနင်္လာနေ့။
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၄ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

Australia ၏ ရှေးဦးလူမျိုးများ။
သြစတြေးလျနိုင်ငံ၏ မူလပထမ လူမျိုးစုများတွင် Aborigina) နှင့် Torres Strait Islander လူ့အဖွဲ့အစည်းများ ပါဝင်ပြီး၊ ၎င်းတို့သည် နှစ်ပေါင်း ၅၀,၀၀၀ ကျော်ကြာ သမိုင်းကြောင်းရှိကာ ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ဆက်လက်ရှင်သန်နေသော ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလျက်ရှိပါသည်။

Australia ၏ အွန်လိုင်းဖန်တီးရှင်များဆိုင်ရာ ကွဲပြားစုံလင်မှုကို ထိန်းသိမ်းထားရှိ။
အင်တာနက်ပေါ်တွင် တင်ထားသမျှသည် ထာဝရတည်ရှိနေသည်ဟု ဆိုကြသော်လည်း အွန်လိုင်း တွင် အကြောင်းအရာများစွာကို မျှဝေတင်ဆက်နေကြသည့်အတွက် အမျိုးသား ရုပ်ရှင်နှင့် အသံမှတ်တမ်းဌာန (National Film and Sound Archives) ၏ လုပ်ငန်းတာဝန်မှာ ပိုမိုခက်ခဲလာ ပါသည်။

စားဝတ်နေရေးအတွက် မိမိတို့၏ ဆံပင်ကို ရောင်းချနေကြသော အမျိုးသမီးများ။
ရန်ကုန်မြို့ အင်းစိန်နဲ့ သာကေတအပါအဝင် ဆံပင်ဝယ်ယူတဲ့ နေရာတွေမှာ နေ့စဉ် အမျိုးသမီး အများအပြားဟာ သူတို့မြတ်နိုးတန်ဖိုးထားကြတဲ့ ဆံပင်တွေကို ဖြတ်ရောင်းနေကြမှု တနေ့ထက် တနေ့များပြားလာတယ်လို့ဆံပင်ဝယ်ရောင်း လုပ်နေသူတွေ ဆီကသိရပါတယ်။

သြစတြေးလျတွင် ဘုံဘိုင်မှ ရေကို သောက်သုံးခြင်း။
ဘေးကင်းလုံခြုံသော သောက်သုံးရေ ရရှိနိုင်မှုသည် မရှိမဖြစ်လိုအပ်လှပြီး ဩစတြေးလျ၏ မကြာခဏဆိုသလို ကြမ်းတမ်းလေ့ရှိသော သဘာဝပတ်ဝန်းကျင်အခြေအနေများကြောင့် ကျွန်ုပ်တို့၏ သောက်သုံးရေအရင်းအမြစ်များသည် အထူးပင် တန်ဖိုးကြီးမားလှပါသည်။

တစ်စုံတစ်ယောက်ရဲ့ ဥယျာဉ်ထဲက သစ်သီးတွေကို ခူးလို့ရပါသလား။
သြစတြေးလျမြို့ပြဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် လမ်းလျှောက်သွားလာစဉ် အိမ်ရှေ့ဥယျာဉ်များ သို့မဟုတ် လမ်းဘေးမြက်ခင်းစပ်များ၌ စိုက်ပျိုးထားသော ဟင်းခတ်အရွက်များ (curry leaves) နှင့် သံပုရာသီးများမှစ၍ ခရမ်းချဉ်သီးများနှင့် ဟင်းခတ်အပင်များအထိ အမျိုးမျိုးသော အပင်များကို သင်တွေ့မြင်နိုင်ပါသည်။

ရန်ကုန်မှာဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေ။
ရန်ကုန်မြို့မှာ သြဂုတ်လအစောပိုင်းကနေ စပြီးကာလဝမ်းရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု အရှိန်အဟုန်နဲ့ တိုးလာနေပြီး လူသေဆုံးမှုတွေလည်းရှိနေကာ ရောဂါဖြစ်ပွားသူရေ ၂၆၀ကျော်နဲ့အထက် ရှိနေတယ်လို့သိရပါတယ်။

ALC: SBS မြန်မာ ၂၀၂၆ ဇူလိုင် ၁၇ ရက် News Flash သတင်းများ။
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

Starlink ဝန်ဆောင်မှု ရပ်တန့်မှုများကြောင့် ဆက်သွယ်ရေးများ ပြတ်တောက်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်အများအပြားတွင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးကို ဖြတ်တောက်ခဲ့သည်။

ဆီစျေးနှုန်းအပေါ် အာရုံစိုက်ခြင်း
အမေရိကန်နဲ့ အီရန် စစ်ပွဲ အချိန်ကြာ လာတာနဲ့အမျှ သြစတြေးလျနိုင်ငံက ဓာတ်ဆီနဲ့ ဒီဇယ် စျေးနှုန်းတွေဟာ ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။

သန့်စင်ထားသော မိလ္လာရေကို ကျွန်ုပ်တို့ သောက်သုံးသင့်ပါသလား။
ရာသီဥတုဖောက်ပြန်မှုနှင့် လူဦးရေ တိုးမြင့်လာမှုနှင့်အတူ ရေပေးမှု ဖိအားအောက် တွင် အနာဂတ် အတွက် သန့်စင်ထားသော မိလ္လာရေကို သောက်သုံးခြင်းက အဖြေ တစ်ခုဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူများကဆိုသည်။

စစ်ကိုင်းမှာ ဆည်ရေလွှတ်လို့ မြို့ နယ် ၁၀ ခုထက်မနည်းမှာ ရေကြီးရေလျှံနေ။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆည်ရေလွှတ်ချမှုတွေကြောင့် စစ်ကိုင်းတိုင်းအပါအဝင် အညာဒေသတစ်ခုလုံးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လူသေဆုံးမှုနဲ့လူပျောက်မှုတွေပါ ဖြစ်ပွားနေပါတယ်။

ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးတဲ့အခါ သင့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိသလဲ။
ရဲအရာရှိများသည် ဥပဒေအရ ကျင့်သုံးနိုင်သော လုပ်ငန်းဆောင်တာဆိုင်ရာ လုပ်ပိုင်ခွင့်အမျိုးမျိုးရှိကြပြီး၊ ယင်းတို့တွင် မေးမြန်းစုံစမ်းခြင်း၊ ထိုနေရာမှ ထွက်ခွာသွားရန် ညွှန်ကြားခြင်းနှင့် ရှာဖွေစစ်ဆေးခြင်းတို့ ပါဝင်သည်။

SBS မြန်မာပိုင်း News Flash - တနင်္လာနေ့၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်။
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် တနင်္လာနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

Census နှင့် ပတ်သက်၍ Wyndham Settlement Services Team Leader ဦးမေစီဝင်းကို မေးမြန်းခန်း။
၂၀၂၆ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို ဩဂုတ်လ ၁၁ ရက် အင်္ဂါနေ့ညမှာ ပြုလုပ်မှာဖြစ်ပြီး၊ အဲဒီညမှာ ဩစတြေးလျနိုင်ငံအတွင်း ရှိနေသူတိုင်း စာရင်းထဲမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။

ICRC Redcross ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ။
၂၀၂၆ ခုနှစ် သြဂုတ်လ ၃ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပါတယ်။

SBS မြန်မာပိုင်း Newsflash ၂၀၂၆ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၊ ဩဂုတ်လ ၅ ရက်။
သောတရှင်များကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

ရေကာတာကျိုးလို့ ဒေသခံသောင်းချီရေဘေးသင့်နေ။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ဂျမ်းကုန်းကျေးရွာအနီးမှ ငဝန်မြစ်ရေ ကိုကာထားတဲ့ ရေကာတာ ကျိုးပေါက်သွားတာကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်းများစွာနှင့် မြို့ပေါ်ရပ်ကွက်အချို့အတွင်းကို မြစ်ရေတွေ အရှိန်အဟုန်နဲ့ စီးဝင်နေကာဒေ သခံသောင်းချီ ရေဘေးသင့်နေကြရပါတယ်။

Garma ဆိုတာဘာလဲ၊ ပြီးတော့ ဒါက ဘာကြောင့် အရေးကြီးတာလဲ။
နှစ်စဉ် သတင်းတွေမှာ Garma Festival ဂါးမ ပွဲတော်အကြောင်း ကြားဖူးကြပါလိမ့်မယ်။ အထူးသဖြင့် သြစတြေးလျရဲ့ နိုင်ငံရေးခေါင်းဆောင်တွေက Arnhem Land မြောက်အရှေ့ပိုင်းဆီ သွားရောက်တက်ရောက်ကြတဲ့ အခါမျိုးမှာ အဲဒီအကြောင်း ကြားကြရနိုင်ပါတယ်။

ရန်ပုံငွေမရှိလို့ STUM ရပ်လိုက်ရ
မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ လုပ်ခလစာ ထိုက်တန်စွာ ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေရဲ့ အသံကို ရှေ့တန်းမှ ထုတ်ဖော်ပေးနေသည့် "သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM)" သည် ရန်ပုံငွေ ပြတ်တောက်မှုကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့သည်။

စစ်ကောင်စီအပေါ် ပိုမိုဖိအားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂက လေဘာပါတီကို တောင်းဆို
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဟာ ဩစတြေးလျနိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ အလုပ်သမားအရေး၊ လူ့အခွင့်အရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှု တိုက်ဖျက်ရေးတို့အတွက် နှစ်ရှည်လများ ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် လေဘာပါတီရဲ့ အခြေနေတွေကို ပြောင်းဖို့ Ben Carroll ကြိုးပမ်း
ဗစ်တိုးရီးယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အသစ် ဘန် ကာရိုးလ်ဟာ ဂျာစင်တာ အလန် (Jacinta Allan) ကို ရာထူးကနေ ဖယ်ရှားပြီး ထိပ်တန်းခေါင်းဆောင်နေရာကို ရယူခဲ့ပြီးနောက်၊ လေဘာပါတီရဲ့ ကျဆင်းနေတဲ့ မျက်နှာပန်းကို ပြန်လည် ဆယ်တင်ဖို့အတွက် လေးလအချိန် ရရှိထားပါတယ်။

When can my teenager start work in Australia? - အသက်မပြည့်သေးတဲ့ လူငယ်တွေ အလုပ်လုပ်လို့ ရပါသလား
Teenagers in Australia can undertake paid work under certain restrictions, with general employment rights also protecting young workers. Here’s what you need to know as a parent or guardian of a worker under 18. - အချိန်ပိုင်းအလုပ်တစ်ခု စတင်လုပ်ကိုင်တာဟာ အသက် ၁၆-၁၇ နှစ်အရွယ် လူငယ်တွေအတွက် သင့်တော်တဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်ပါတယ်။

စစ်အုပ်စုနှင့်ဆက်ဆံမှုရပ်ဖို့ နိုင်ငံတကာရေနံကုမ္ပဏီ ၁၁ ခုကို JFM တောင်းဆို
လန်ဒန်အခြေစိုက် Burma Campaign UK ရဲ့ “မသမာသော စီးပွားရေးလုပ်ငန်းများစာရင်း” (Dirty List) ထဲ ဇူလိုင်လအတွင်း ထပ်မံထည့်သွင်းခံရတဲ့ နိုင်ငံတကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုအနေနဲ့ စစ်အုပ်စုထံ ငွေပေးချေမှု ရပ်ဆိုင်းရန် ဒါမှမဟုတ် တာဝန်သိသိဖြင့် လုပ်ငန်းတွေ ရပ်တန့်ဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။

၂၈ ဇူလိုင် ၂၀၂၆ အတွက် သတင်းများ
ဒီကနေ့ ထိပ်တန်းရောက်နေတဲ့ သတင်းတွေက ဗစ်တိုးရီယားပြည်နယ် ဝန်ကြီးချုပ် Jacinta Allan ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း၊ Western Australia ပြည်နယ်မှာ စွမ်းအင်စက်ရုံအသစ် တည်ဆောက်မယ့်အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။

"ပိုးဟပ်"ပါတီဆိုတာ ဘာလဲ? ဝန်ကြီးချုပ်အတွက် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာတဲ့ လူငယ်လှုပ်ရှားမှုအကြောင်း
အိန္ဒိယ ဝန်ကြီးချုပ် Narendra မိုဒီအစိုးရကို ဆန့်ကျင်တဲ့ အကြီးမားဆုံး လူထုဆန္ဒပြပွဲကြီးတစ်ခုမှာ၊ ပညာရေးဝန်ကြီး နှုတ်ထွက်ပေးဖို့ တောင်းဆိုရင်း ဆန္ဒပြသူ သောင်းနဲ့ချီပြီး အိန္ဒိယပါလီမန်ရှေ့မှာ စုဝေးခဲ့ကြပါတယ်။

စစ်တပ်ရဲ့ တဖွဲ့ချင်း အပစ်ရပ်ရေး အစီအစဉ် ဘယ်ကို ဦးတည်နေလဲ။
နေပြည်တော် ခေါင်းဆောင်တွေဟာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAOs) တစ်ဖွဲ့ချင်းစီရဲ့ နယ်မြေအကျိုးစီးပွား၊ သီးခြား လိုလားချက်တွေနဲ့ စစ်ရေးဖိအားတွေအပေါ် မူတည်ပြီး "သီးခြား အပစ်ရပ်ရေး စေ့စပ်မှုများ" ကို ပြုလုပ်နေပါတယ်။

ဂျူလိုင်လ ၂၇ ရက်နေ့ အချက်ပေးသံက အမျိုးသမီးအချို့အတွက် စိုးရိမ်စရာဖြစ်နိုင်
ဂျူလိုင်လ ၂၇ ရက်နေ့ကြရင် ဩစတေးလျတစ်နိုင်ငံလုံးမှာရှိတဲ့ မိုဘိုင်းဖုန်းတိုင်းကနေ အချက်ပေးသံ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ AusAlert စနစ်ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလထဲမှာ စတင်အသုံးပြုနိုင်တော့မယ့်အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်မစတင်ခင်မှာ ဒီစနစ်ကို သြစတြေးလျတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စမ်းသပ်ဖို့ လိုအပ်ပါတယ်။

What are the rules for taking photos in Australia? - အကောင်းဆုံး ဓာတ်ပုံတစ်ပုံကို ဥပဒေနဲ့အညီ ဘယ်လိုရိုက်မလဲ
Whether you’re new to taking photographs, a social media content creator or a professional photographer, it’s important to be aware of where you can and can’t take photographs. Here’s what to consider before you take that perfect photograph, legally. - သင်ဟာ ဆိုရှယ်မီဒီယာအတွက် သတင်းတွေ၊ ဓာတ်ပုံနဲ့ တခြားအကြောင်းအရာတွေကို ဖန်တီးရေးသူတစ်ယောက်ပဲဖြစ်ဖြစ်၊ ကျွမ်းကျင်ဓာတ်ပုံဆရာတစ်ယောက်ပဲဖြစ်ဖြစ်၊ ဓာတ်ပုံ

Starlink ပိတ်ပင်မှုတွေကြောင့် မြန်မာပြည်သူ ၁၃ သန်းကျော် ဆက်သွယ်ရေးပြတ်တောက်နိုင်
မြန်မာနိုင်ငံမှ, SpaceX ပိုင် Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု ပိတ်ဆို့မှုတွေ ပြုလုပ်လာတာကြောင့် အရပ်သားများ၊ ကျန်းမာရေးဝန်ဆောင်မှုများ၊ မီဒီယာအဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့တွေ ထိခိုက်မှုတွေ ရှိလာနေပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်းများစွာကို စစ်တပ်က ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခဲ့ပါတယ်။

အနိုင်၊ အရှုံးထက် မကတဲ့ ကမ္ဘာ့ဖလားပွဲရဲ့ အမှတ်တရများ
ဒီ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပွဲမှာ မေ့ထားလို့မရတဲ့ ဒီပြိုင်ပွဲရဲ့ အမှတ်တရတွေထဲမှာ ဗိုလ်လုပွဲတက်တဲ့ အသင်းနှစ်သင်းပဲ ရှိနေမှာ မဟုတ်ပါဘူး။ ဘောလုံးလောကရဲ့ နိုင်ငံသစ်တွေရဲ့ ထိုးထွက်လာမှုလည်း ဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိပ်ဗာဒီ (Cape Verde) အသင်းဟာ စပိန်နဲ့ အာဂျင်တီးနား နှစ်သင်းလုံးကို အစွမ်းကုန် ရုန်းကန်ရအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။ စပိန်အသင်းဟာ သုည-သုညနဲ့ သရ

အာဂျင်တီးနားက အင်္ဂလန်ကို အံ့အားသင့်ဖွယ် အနိုင်ယူလိုက်ပြီး စပိန်နဲ့ဗိုလ်လုကြမယ်
အာဂျင်တီးနားအသင်းဟာ ပွဲပြီးခါနီးမှာ အင်္ဂလန်ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အသည်းယားစရာ အနိုင်ယူပြီး ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ (Lionel Messi) ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ ဗိုလ်လုပွဲဆီ လမ်းဖောက်နိုင်ခဲ့တာပါ။ ကျွန်မက မူလှိုင်းသိမ့် ပါ။ ဒါကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၃၅ ရက်မြောက်နေ့ သတင်းအကျဉ်းချုပ် ဖြစ်ပါတယ်။

စစ်ရေးလှုပ်ရှားမှုများအတွင်း ပိတ်မိနေသော မြန်မာပြည်သူများ။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်း၊ စစ်ကိုင်းတိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး အရင်ကတည်းက ရေကြောင်းနှင့် ကုန်းလမ်းဆုံရာ ဗျူဟာမြောက် ကုန်သွယ်ရေးမြို့တစ်မြို့ ဖြစ်ပါတယ်။

'sextortion' ဆိုင်ရာ မမြင်ရတဲ့ နေရာတွေကို ပြုပြင်ဖို့ Tech platforms တွေကို ပြော။
ဩစတြေးလျ၏ eSafety ကော်မရှင်နာသည် ခြောက်လအတွင်း တိုင်ကြားမှု ၂၀၀၀ ကျော် လက်ခံရရှိပြီးနောက် အွန်လိုင်းတွင် လိင်ပိုင်းဆိုင်ရာ ငွေညှစ်မှုနှင့်ပတ်သက်၍ သတိပေးနေသည်။

SBS မြန်မာပိုင်း သတင်းအကျဉ်းချုပ် - ၂၀၁၇ ခုနှစ်၊ ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၅ ရက်။
သောတရှင်များကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့ အတွက် SBS Newsflash သတင်းထူးများကို တင်ဆက် ပေးမှာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာ အကြိတ်အနယ် ထိပ်တိုက်တွေ့ဆုံကြမယ့် ပြင်သစ်နဲ့ စပိန်
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ရောက်ရှိလို့လာပါပြီ။ ဒီပွဲစဉ်မှာတော့ နိုင်ငံတကာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ပြိုင်ဘက်ဟောင်းကြီးနှစ်သင်းဖြစ်တဲ့ ပြင်သစ်နဲ့ စပိန်တို့ဟာ သူတို့ရဲ့ပြိုင်ဆိုင်မှုကို တစ်ကျော့ပြန် ဆန်းသစ်ကြတော့မှာပါ။ မနက်ဖြန်မှာ ကစားမယ့် ဒီအကြိတ်အနယ်ပွဲစဉ်မတိုင်ခင် အသင်းနှစ်ဖက်လုံးရဲ့ နောက်ဆုံးရသတင်းတွေနဲ့ ပြင်ဆင်မှုတွေကို ကျွန်မတို့ အသေးစိတ် တင်ဆက်ပေးသွားပါမယ်။ ဒါကတော့ ၂၀၂၆ ဖီဖာ ကမ္ဘာ့











